0:00 / 0:00
ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေ လိုင်ဇာမှာ အခုလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ကေအိုင်အိုက တာဝန်ရှိသူတွေနဲ့ ကချင်တိုင်းရင်းသား ၅၀၀ ကျော် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး KIA ပြန်ကြားရေးဌာနက ဒုတိယဗိုလ်မှူးကြီးနော်ဘူ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
