ကိုဖီအာနန် မောင်တောမြို့နယ်ကို သွားရောက်

0:00 / 0:00

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ဝင်တွေဟာ ဒီနေ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ ကျီးကန်းပြင်နဲ့ ဝပိတ် ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာက ဒေသခံတွေနဲ့တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

ဦးအေးလွင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။