0:00 / 0:00
ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့အမှုကို အဆင့်မြင့်ဆုံးတရားရုံးမှာ အယူခံဝင်တဲ့အခါ ကူညီနိုင်ဖို့ မြန်မာအစိုးရဘက်က ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးအမှုကို ကူညီဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လိပ်ကျွန်း အထူးစုံစမ်းစစ်ဆေးရေးကော်မတီဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။