မော်လမြိုင်မြို့ ရွေးကောက်ပွဲအသိပညာပေးပွဲအကြောင်း ကိုမင်းကိုနိုင်နဲ့ မေးမြန်းချက်

0:00 / 0:00

မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝေးလံခေါင်သီပြီး၊ ဗမာစကားနားမလည်တဲ့ ဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေက အသိပညာပေး လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ရွေးကောက်ပွဲအသိပညာပေး လုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

ကိုမင်းကိုနိုင်ဟာ ဒီကနေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်က ဘောလုံးကွင်းမှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ကိုမင်းကိုနိုင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။