လွတ်လပ်ပြီး မျှတမှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက် တိုင်ရင်းသားပါတီတွေ မျှော်လင့်ထားသလောက်အနိုင်မရရှိခဲ့ဘူးလို့ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ) ဥက္ကဋ္ဌ၊ လီဆူလူမျိုးတိုင်းရင်းသားရေးရာဝန်ကြီးနေရာ အနိုင်ရရှိထားတဲ့ ဦးရွှေမင်းက ပြောပါတယ်။
ကချင်ပြည်နယ်အခြေစိုက်တဲ့ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၉ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ကချင်ပြည်နယ်က လီဆူလူမျိုးများ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာနဲ့ ခေါင်လန်ဖူးပြည်နယ်လွှတ်တော် အမှတ်(၁)နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ မေးမြန်းထားပါတယ်။