ဒေသခံတွေသဘောမတူတဲ့ ကချင်ပြည်နယ်က သတ္တုတူးဖော်ရေး

ဇာဏီထွဏ်း
2020.08.27

ကချင်ပြည်နယ်မြောက်ပိုင်း ခေါင်လန်ဖူးမြို့နယ်မှာ ဩစတြေးလျကုမ္ပဏီတစ်ခုဖြစ်တဲ့ Fortuna Metals ကုမ္ပဏီက ရွှေ၊ ကြေးနီနဲ့ ဆက်စပ်ပစ္စည်းတွေ တူးဖော်ဖို့ စမ်းသပ် တိုင်းတာလေ့လာနေပါတယ်။

ဒေသခံတွေကတော့ သူတို့ရဲ့ ရေ၊ မြေ ၊တော၊ တောင်တွေကို နောင်လာနောင်သားတွေဆီ ဆင့်ကမ်း ပေးချင်တာကြောင့် ဒီစီမံကိန်းကို သဘော မတူကြပါဘူး။အဲ့ဒီဒေသမှာ ၁ လကြာ စစ်တမ်းကောက်ယူခဲ့တဲ့ ပူတာအိုအခြေစိုက် မြောက်ပိုင်းရောင်စဉ်လူငယ်များအသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန် ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။