ပြည်သူလူထုရဲ့တုံ့ပြန်မှု အဆင့်မြင့်မားဟု ကိုမင်းကိုနိုင် ပြောကြား

(ခင်မောင်စိုး ဝါရှင်တန် ဒီစီ)
2021-02-18
Share
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ရှိလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေ မျိုးဆက်သစ်တွေဟာ အရင်ခေတ်ကနဲ့မတူ အင်မတန်ဉာဏ်ရည် မြင့်မားပြီး အဆင့်မြင့် နည်းပညာတွေကို ကျွမ်းကျင်စွာအသုံးပြုနေတဲ့အတွက် အင်မတန်အားရမိတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ လက်ရှိအာဏသိမ်းမှုကို သူအနေနဲ့ အသိအမှတ်မပြုတဲ့အတွက် သူဖမ်းဆီးခံရရင်လည်း ရှေ့နေဌားရမ်းပြီး ရင်ဆိုင်တာမျိုးကို ပြုလုပ်မှာမဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ၁၈ ရက်နေ့လယ်ပိုင်းက ပြောပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့