တရားစီရင်ရေးမဏ္ဍိုင် အကြီးအကျယ် ပျက်ပြားနေကြောင်း NLD ရှေ့နေပြောကြား

2018-08-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

သရုပ်ဆောင် အောင်ရဲထွေး သတ်ဖြတ်ခံရမှုကို သက်သေ အထောက်အထားတွေ အထင်အရှားရှိပါလျှက်နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ရုပ်သိမ်းခွင့်ပြုပြီး တရားခံအဖြစ် သံသယရှိသူတွေကို လွှတ်ပေးလိုက်တာဟာ လက်ရှိ မြန်မာပြည်ရဲ့ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ပျက်ပြားနေတာကို အထင်အရှား ပြသလိုက်တာဖြစ်ကြောင်းနဲ့ ဒီအမှုမှာ တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ တရားရှင်လွှတ်ဖို့အတွက် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ရေးထားတာဟာ စာမျက်နှာ ၄ မျက်နှာပဲရှိတာကို တွေ့ရှိရတဲ့ အချက်ကလည်း ဥပဒေ ရှုထောင့်အရ အင်မတန် ပေါ့လျှော့စွာနဲ့ တစုံတခု ပယောဂကြောင့် အခုလိုပြုမူတယ်လို့ သံသယဖြစ်စရာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဒေါ်စန်းစန်းမြင့် က RFA ကိုပြောပါတယ်။


ဒါ့အပြင် ဒီအမှုကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကသာ အခုလိုဝင်ရောက်ပြီး တည့်မတ်မပေးခဲ့ဘူးဆိုရင် လက်ရှိ လူသတ်မှုတွေ အဓမ္မပြုကျင့်မှုတွေ အပါအဝင် စစ်ဆေးနေဆဲ အမှုကြီးတွေနဲ့ နောင်အစဉ်အဆက် စစ်ဆေးမယ့် အမှုတွေရဲ့ စီရင်ဆုံးဖြတ်ချက်တွေကိုပါ ထိခိုက်နိုင်တဲ့အထိ လက်ရှိ တရားစီရင်ရေးစနစ်ဟာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်းလည်း သူက ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေကြီး ဒေါ်စန်းစန်းမြင့်နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့