မြစ်ကြီးနားထောင်ကပြန်လွတ်လာတဲ့ ဒေါ်နန်ပူနဲ့ဆက်သွယ်မေးမြန်းချက်


2019.04.05
nanpu-free-622.jpg မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်နန်ပူ ကို ၂ဝ၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Kachin Youth Movement

ကချင်ပြည်နယ်ကစစ်ပွဲတွေကြား ပိတ်မိနေတဲ့အရပ်သားတွေကို ကယ်ထုတ်ခွင့်ပြုဖို့နဲ့ စစ်ပွဲတွေရပ်ဖု့ိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြတဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူကို ထောင်ဒဏ် ၂ လ လျှော့ပေးလိုက်ပြီးနောက် ဒီနေ့မှာ မြစ်ကြီးနားထောင်ကပြန်လွတ်လာပါတယ်။

မြစ်ကြီးနားထောင်မှာ အကျဉ်းသူတွေအတွက် နေစရာကြပ်သိပ်နေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု အတော်ညံ့ဖျင်းနေတယ်လို့ ဒေါ်နန်ပူက ပြောပါတယ်။

ဒေါ်နန်ပူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။