မြောင်းမြမြို့မှာ NLD ပါတီကို မဲမပေးဖို့ စာရွက်နဲ့အခွေတွေ ကို ဝေငှခဲ့တဲ့အကြောင်း မေးမြန်း ချက်

2015-07-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့မှာ ကျင်းပခဲ့တဲ့ နတ်စင်တစ်ရာဆရာတော်ရဲ့ နယ်လှည့်စတုဒီသာအလှူပွဲမှာ လူတစ်ချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို မဲမပေးဖို့နဲ့ မဲပေးရင်သာသနာအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုပြီးပါတဲ့ စာရွက်နဲ့အခွေတွေကို ဝေငှခဲ့ပါတယ်။

အဲ့ဒီလို ဝေငှခဲ့တာဟာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီနဲ့ မပတ်သက်သလို ဆရာတော်နဲ့လည်း မသက်ဆိုင်ကြောင်း နတ်စင်တစ်ရာဆရာတော်က မိန့်ပါတယ်။

နတ်စင်တစ်ရာဆရာတော် ဦးပညာတေဇ ကို RFA သတင်းထောက် မဇာဏီထွဏ်းက လျှောက်ထားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့