0:00 / 0:00
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ၆ ရက်မြောက်နေ့ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ထဲက ဆွေးနွေးဖို့ကျန်နေတဲ့ အချက်တချို့ကို ဒီလ ၃ဝ ရက်နေ့မှာ ပြန်လည်ဆွေးနွေးဖို့ နှစ်ဘက်ခေါင်းဆောင်တွေအကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ပြုလုပ်တဲ့ ၆ ရက်မြောက်နေ့ ဆွေးနွေးပွဲအပြီးမှာ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT က ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။