၂၀၂၃ နှစ်သစ်မှာ အာဏာရှင်စနစ်ကျဆုံးပြီး ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်တွေနဲ့ မတရားဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ ပြည်သူတွေက လိုလားနေပါတယ်။
၂၀၂၃ ခုနှစ်မှာ နိုင်ငံရေး၊ စစ်ရေးအရ တိုးတက်ပြောင်းလဲမှုတွေရှိလာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ တော်လှန်ရေးမှာ နည်းလမ်းမျိုးစုံနဲ့ပါဝင်နေကြသူတွေကတော့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုရရှိဖို့ လိုလားပြီး ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ပြောပါတယ်။
နယ်ပယ်အသီးသီးကသူတွေကို RFA နဲ့စကားပြောခြင်း အစီအစဉ်ကနေ မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။