0:00 / 0:00
ပြည်သူ့လွှတ်တော် ပထမနေ့ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉-စ ပြင်ဆင်ရေးအတွက် ဒီနှစ်အတွင်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးတင်ဦးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။