0:00 / 0:00
လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ် ပြည်သူနဲ့ အမျိုးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ နေရာတွေအတွက် အန်အယ်လ်ဒီပါတီက လျာထားတဲ့ လူပုဂ္ဂိုလ်စာရင်းနဲ့ ပတ်သက်ပြီး သတင်းတွေထွက်နေတာဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်မပါဘဲ ထွက်ပေါ်လာတာ ဖြစ်တဲ့အတွက် အတည်ပြုလို့ မရကြောင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုဘုန်းမြတ် က ဆက်သွယ်မေးမြန်းထားပါတယ်။