မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ ရှမ်းလွှတ်တော်မှာ အဆိုတင်


2016.12.07

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြစ်တင်ရှုတ်ချဖို့နဲ့ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ က ဒီနေ့ကျင်းပတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

အဲဒီအဆိုကို ကန့်ကွက်မှုတွေ ရှိပေမယ့် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ SNLD ပါတီရဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။