အစိုးရဒုတိယသက်တမ်းနဲ့ KNU ရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်

လက်ရှိအစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အားရကျေနပ်စရာ မရှိပေမယ့် အစိုးရသစ်လက်ထက်မှာ NLD ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းအတိုင်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေနဲ့ လာမယ့်အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်း အပေါ် အမြင်သဘောထားကို RFA က သွားရောက်တွေ့ဆုံမေးမြန်းရာမှာ ပဒိုစောလှထွန်းက ပြောလိုက်တာဖြစ်ပါတယ်။