0:00 / 0:00
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ ယာဉ်၊ စက်ယန္တရားတွေကို စစ်ဆေးဖို့အတွက် ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေး ထားတဲ့ အထူးကွင်းဆင်း စုံစမ်းရေးအဖွဲ့ဟာ ဒီကနေ့ကစတင်ပြီး စစ်ဆေးနေပါတယ်။
ဒီလိုစတင်စစ်ဆေးချိန်မှာပဲ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတချို့ဟာ သူတို့ရဲ့ စက်ယန္တရားအရေအတွက်ကို စာရင်းလျှော့ပြနိုင်ဖို့အတွက် တူးဖော် ယာဉ်ယန္တရား တွေကို လူတွေမမြင်နိုင်တဲ့ မြေစာပုံဟောင်းတွေနဲ့ လမ်းဘေးတောတောင်တွေထဲမှာ ဝှက်ထားကြတယ်လို့ ဖားကန့်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင့်စိုးက ပြောပါတယ်။
ဖားကန့်မြို့နယ်ကနေ ရွေးကောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးတင့်စိုးကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။