ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံဆန္ဒပြပွဲ တားမြစ်ပိတ်ပင်

မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝီရသူ ဦးဆောင် စီစဉ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်အရေး ရပ်တည်ချက် ထောက်ခံ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ ဆက်လက် ပြုလုပ်ဖို့ရှိတဲ့ ဆန္ဒပြပွဲတွေကို သက်ဆိုင်ရာက တားမြစ်ပိတ်ပင် လိုက်တယ်လို့ သိရပါတယ်။

ဆရာတော် ဦးဝီရသူက ဆန္ဒပြပွဲတွေ ဆက်လက်ဖော်ဆောင်မှာ မဟုတ်ပေမယ့် တီရှပ် ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။

ဆရာတော် ဦးဝီရသူကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။

0:00 / 0:00