0:00 / 0:00
ရခိုင်ပြည်နယ် မြေပုံမြို့အနီး နောင်တော်မြစ်အတွင်း နစ်မြုပ်သွားတဲ့ အောင်တံခွန် (၃) ခရီးသည်တင် ရေယာဉ် ဘာကြောင့်နစ်မြုပ်ခဲ့တယ်ဆိုတာ သိရှိနိုင်အောင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒီနေ့မနက်အထိ သေဆုံးသူ ၃၄ ဦးရဲ့ အလောင်းတွေကို ဆယ်ယူရရှိပြီးဖြစ်သလို ပျောက်ဆုံးသူ အရေအတွက် ၄ဝ ကျော်ရှိနေသေးတယ်လို့ ခန့်မှန်းကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်က ပြောပါတယ်။
ဦးထင်ကျော်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။