"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းရယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် ကို၊ RFA ဝိုင်းတော်သူ မသက်စုအောင် က မိုင်းရယ်မြို့နယ်က ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ထိန်းချုပ်ရေး အခြေအနေတွေအကြောင်း ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုင်းရပ်စ် တားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေမှုအခြေအနေ၊ SSA ဝမ်ဟိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို ပြန်လည်လက်ခံတဲ့ အခြေအနေ စတာတွေကို အင်တာနက်အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။