ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကို ကိုယ်စားပြုပြီး မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ဆိုင်းနူးပန်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဘဏ္ဍာငွေပိုမိုသုံးစွဲနိုင်ဖို့၊ ဒေသခံတွေအတွက် လုံလောက်တဲ့ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ကြိုးပမ်းအားထုတ်သွားမယ်လို့ ပြောပါတယ်။
ဒေါ်ဆိုင်းနူးပန်ကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက မြစ်ကြီးနားမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။