0:00 / 0:00
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဝဝ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနေ့ ပါတီခေါင်းဆောင်တွေဟာ အဲ့ဒီကိုယ်စားလှယ်လောင်းတွေနဲ့ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကျားဖြူပါတီရဲ့ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အလုပ်အမှုဆောင်ကော်မတီဝင် ဦးရဲထွန်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူက ဆက်သွယ်မေးမြန်းထားပါတယ်။