0:00 / 0:00
တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့် ကျဆင်းလာနေတာကို အမျိုးသားဒီမိုကရေစီ NLD အစိုးရအနေနဲ့ ဖြေရှင်းသင့်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အတွင်းရေးမှူး ၂ ဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ စိုင်းကျော်ညွန့်က ပြောလိုက်ပါတယ်။ စိုင်းကျော်ညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။