မုန်တိုင်းနဲ့ ရေဘေးအန္တရာယ် မိုးလေဝသပညာရှင် သတိပေး

0:00 / 0:00

လက်ရှိဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းဟာ မြန်မာပြည်ထဲကို မဝင်နိုင်ပေမယ့် အဲ့ဒီမုန်တိုင်း အရှိန်ကြောင့် မြန်မာတစ်ပြည်လုံး မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေး ပြောကြားလိုက်ပါတယ်။

မိုးဆက်လက်ရွာနိုင်တာမို့ လက်ရှိရေကြီးနေတဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်က ဒေသအတော်များများမှာ ရေကြီးတာတွေ ဆက်လက်ဖြစ်နိုင်သလို ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာလည်း ရေကြီးနိုင်တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။