သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-11
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေ ကို အများပြည်သူသိရှိအောင် ကြေညာဖို့၊ စည်ပင်ကော်မတီဝင်အဖြစ် ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေရဲ့ အသက်ကန့်သတ်ချက် ကို ဖြေလျော့ပေးဖို့နဲ့ မြို့တော်ဝန်ကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ခွင့်ရှိဖို့တို့ကို အရပ်ဘက်အဖွဲ့ အစည်း ၃၀ က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-12-11
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ညပိုင်းက ဒေသခံ အရပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး ရွာသားတစ်ဦးလည်း ရိုက်နှက်ခံရမူ တွေရှိခဲ့ပါတယ်။
2016-12-10
မလေးရှားနိုင်ငံမှာရှိတဲ့ တရားမဝင်နေထိုင်သူတွေ ကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက် သွားပေးဖို့ မလေးရှားအစိုးရက နှစ်စဉ် ကြေညာ ချက်ထုတ်ပြန်နေကျဖြစ်ပေမယ့် ဒီလအတွင်း မှာ ကြေညာချက်မထွက်ခင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့အတွက် မြန်မာ အလုပ်သမားတွေ စိုးရိမ်နေကြပါတယ်။
2016-12-10
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ၂၀၁၇-၁၈ ဘဏ္ဍာငွေ ရသုံးမှန်းခြေစာရင်းမှာပါတဲ့ ဌာနဆိုင်ရာရုံးတွေတည်ဆောက်ဖို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအတွက် မော်တော်ယာဉ်တွေ ဝယ်ယူဖို့ စတဲ့ ကဏ္ဍတွေအတွက် ထည့်သွင်းရေးဆွဲထားတဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီနေတဲ့ ဘတ်ဂျတ်ငွေတွေကို တိုင်းလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။
2016-12-10
လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့အတွက် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖွဲ့ထားတာကို ရပ်စဲလိုက်ပါတယ်။
2016-12-10
UK နိုင်ငံအခြေစိုက် Daily Mail သတင်းဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦး ကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတဲ့ သတင်းကို မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရဖြစ်စေ၊ နိုင်ငံတကာ စာနယ်ဇင်းလုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ မြန်မာအစိုးရဘက်က တုံ့ပြန်လုပ်ဆောင်သွား မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-12-10
ရှမ်းပြည်နယ်လွှတ်တော်အနေနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလှမ်းဝေးသွားစေနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
2016-12-09
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က အမှုကို မမှန် မကန်စစ်ဆေးတာ၊ လိုင်းကြေးတောင်းတာ၊ အမှု ဆင်ဖမ်းတာနဲ့ တရားခံကို မဖမ်းတာတွေကြောင့် တိုင်ကြားခံရတဲ့ ရဲမှူးအဆင့်ကနေ ရဲဘော်အဆင့် အထိ ဝန်ထမ်း ၂၀၀ ကျော်ကို ရဲစည်းကမ်းဖောက် ဖျက်မှုနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းမင်းက ပြော ပါတယ်။
2016-12-09
ရန်ကုန်မြို့ ကမ်းနားလမ်းမှာ ကုန်သေတ္တာတင်ယာဉ်တွေကြောင့် ဒီကနေ့မနက်က ၆ နာရီလောက်ကြာအောင် ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။ ယာဉ်မောင်းတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းလို့ အခုလို ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရာတာလို့ လမ်းရှင်းရာမှာ ပါဝင်တဲ့ အလုံမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး နိုင်အောင်စိုးက ပြောပါတယ်။
2016-12-08
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့ခရီးစဉ်အတွင်း တွေ့ရှိခဲ့တာတွေ နဲ့ တွေ့ဆုံမေးမြန်းထားသူတွေရဲ့ ပြောဆိုချက်တွေ အပေါ် အကြံပြုချက်ကို နှစ်ပိုင်းခွဲပြီး လာမယ့် ၂၀၁၇ နှစ်ဆန်းပိုင်းမှာ တင်ပြသွားမှာဖြစ်တယ် လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအေးလွင် က ပြောပါတယ်။
2016-12-08
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဒီဇင်ဘာလလယ်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ရက်ညှိနှိုင်းလို့ မရတာကြောင့် တွေ့ဆုံဖို့ မရှိသေးဘူးလို့ UNFC အဖွဲ့က ပြောပါတယ်။
2016-12-08
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေကြောင့် မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ စေလွှတ်မှု ယာယီရပ်ဆိုင်းထားဖို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-12-07
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြစ်တင်ရှုတ်ချဖို့နဲ့ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ က ဒီနေ့ကျင်းပတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။
2016-12-07
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင်ပါဝင်တဲ့ ဆန္ဒပြပွဲကို မြန်မာမွတ်ဆလင် မဟာမိတ်အရပ်ဘက်အဖွဲ့အစည်းက ကန့်ကွက်ကြောင်း မနေ့က သဘောထားကြေညာချက်ထုတ်ပြန်ပြီး ရန်ကုန်မြို့က မလေးရှားသံရုံးထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
2016-12-05
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ လားရှိုးဒေသအခြေစိုက် RFA သတင်းထောက် ကိုကံသာ ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်က ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။