လူ့အခွင့်အရေးကာကွယ်သူဆုရှင် ဆလိုင်းမာန်ဟရဲလျန်နဲ့ တွေ့ဆုံမေးမြန်းချက်
RFA Burmese
2024.12.12
2024.12.12
မြန်မာပြည်အရေးကို အလေးထားကြောင်း ပြသလိုတဲ့အတွက် အမေရိကန်အစိုးရဟာ ၂၀၂၄ ခုနှစ်အတွက်ပေးတဲ့ လူ့အခွင့်အရေးကာကွယ်သူဆုရှင်တွေထဲမှာ မြန်မာနိုင်ငံသားတစ်ဦးကို ထည့်သွင်းပေးခဲ့တာလို့ ဆုရခဲ့သူ ဆလိုင်းမာန်ဟရဲလျန် ကပြောပါတယ်။ အမေရိကန်အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာလည်း မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ကူညီပံ့ပိုးပေးမှုတွေက နောက်ဆုတ်သွားနိုင်ချေမရှိဘူးလို့ သူကပြောပါတယ်။ ဆုရခဲ့သူ၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆလိုင်းမာန်ဟရဲလျန်ကို မဝေမာထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။