သပိတ်စခန်း အခြေအနေ မဖြိုးဖြိုးအောင်ကို မေးမြန်းချက်

2015-03-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်အနီးမှာ သပိတ်စခန်းဖွင့်ပြီး အစာငတ်ခံဆန္ဒပြ တောင်းဆိုနေကြတာ ဒီနေ့ဆိုရင် ၆ ရက် မြောက်နေ့ဖြစ်ပါတယ်။

သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ အမျိုးသားလွှတ်တော်မှာ ကျင်းပခဲ့တဲ့ ဥပဒေကြားနားပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ် တွေက လက်ရှိအခြေအနေကို လွှတ်တော်နည်းလမ်းနဲ့ ဖြေရှင်းသင့်ကြောင်း ပြောကြပါတယ်။

လက်ရှိ သပိတ်စခန်းအခြေအနေနဲ့ ပတ်ဝန်းကျင်က ဝေဖန်မှုတွေအပေါ် လက်ပံတန်းမှာရှိနေတဲ့ သပိတ်စခန်းက မဖြိုးဖြိုးအောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့