0:00 / 0:00
လက်ပံတန်းကျောင်းသားသပိတ်က ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ်မှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် တရားရုံးစစ်ဆေးမှု ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။ ဒီကနေ့တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ကျောင်းသားကိုရဲဝင့်အောင်ရဲ့ဖခင် စာရေးဆရာစံထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။