တနိုင်းမြို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးနော်သောင်းနဲ့ မေးမြန်းချက်

0:00 / 0:00

ပြီးခဲ့တဲ့ ဇွန်လဆန်းက ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တနိုင်းနယ်က ရွှေနဲ့ပယင်းမှော်တွေကို ဒေသအာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ အလုပ်လုပ်နေသူတွေကို လည်းနေရပ်ပြန်ခိုင်းခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီပြီး နေရပ်ပြန်ကြပေမယ့် မူလဘိုးစဉ်ဘောင်ဆက် နေထိုင်သူ ၉ဝဝ ကျော် တနိုင်းမြို့မှာ ဒုက္ခသည်အဖြစ် ကျန်ရစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် အာဏာပိုင်တွေက လက်မခံဘူးလို့ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တနိုင်းမြို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးနော်သောင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။