အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ပတ်သက်လို့ ဒေါက်တာတင့်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်


2013-07-30
Share

အိန္ဒိယနိုင်ငံက ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ  ဗုဒ္ဓဂါယာမှာ အကြမ်းဖက်သမားတွေရဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနောက်ပိုင်း နယူးဒေလီမြို့က မြန်မာသံရုံးကို အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တကောင်းဒေသမှာ ရိုဟင်ဂျာ အရေးအတွက် မြန်မာနိုင်ငံကို တိုက်ခိုက်မယ့် အကြမ်းဖက်စခန်းတွေ ဖွင့်လှစ်တာနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့်ရှ်အစိုးရကို တပ်လှန့်သတိပေးခဲ့ပါတယ်။

ဒီအခြေအနေတွေကို အနီးကပ်မျက်ခြည်မပြတ်လေ့လာ စောင့်ကြည့်နေတဲ့ အိန္ဒိယအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ တင့်ဆွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့