စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ အနည်းဆုံး လုပ်ခလစာပြဿနာနဲ့ လုပ်ငန်းခွင်တည်မြဲရေးကိစ္စတွေကို လွှတ်တော်ထဲကနေ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ အခြေခံလူတန်းစား အလုပ်သမားတွေ အများဆုံးရှိတဲ့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှေ့နေ ဦးဌေး ကို RFA သတင်းထောက် မဝေယံမိုးမြင့် က တွေ့ဆုံမေးမြန်းထားပါတယ်။