ဟံသာဝတီ ဦးဝင်းတင်ရဲ့ ငယ်စဉ်ဘဝနဲ့ ပတ်သက်ပြီး ဦးအုန်းထွန်းကို မေးမြန်းချက်
2014.04.26
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ငယ်စဉ်ကတည်းက အလုပ်ကြိုးစားသူဖြစ်သလို၊ ချိုးခြံချွေတာပြီး တခြားကလေးတွေကို ကျောင်းထားပေးခဲ့သူဖြစ်တယ်လို့ ဆရာဦးဝင်းတင်နဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ မကွယ်လွန်ခင်အချိန်ထိလည်း ရန်ကင်းမြို့နယ်က အိမ်မှာနေထိုင်ခွင့်ပေးခဲ့သူဖြစ်တဲ့ ဦးအုန်းထွန်းကပြောပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဦးအုန်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။