အထပ်မြင့်ကွန်ဒို ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ပြန်စစ်ဆေးမည်

0:00 / 0:00

ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်စစ်ဆေး မှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကွန်ဒို၂ လုံးကို အထပ်လျှော့ဖို့ညွှန်ကြားခံထားရတဲ့ Naing Group ဆောက်လုပ်ရေး အမှုဆောင်ဒါရိုက်တာ ဦးကျော်ကျော်မိုး RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။