0:00 / 0:00
မကြာသေးခင်က ရန်ကုန်မြို့ ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်မှာ ဖွင့်လှစ်လိုက်တဲ့ Sky Net ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းပိုင်တဲ့ ရွှေဘဏ်အဆောက်အဦးဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအဆောက်အဦးတွေကြားမှာ မသင့်တော်တဲ့ပုံစံနဲ့ ဆောက်လုပ်ထားတာကြောင့် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပြန်လည်ပြင်ဆင်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပြန်ကြားရေးနဲ့ဆက်သွယ်ရေး အရာရှိ မရွှေယင်းမာဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က တွေ့ဆုံမေးမြန်းထားပါတယ်။
