ဖွဲ့စည်းပုံအခြေခံဥပဒေ ဖယ်ရှားပစ်ဖို့ စတစ်ကာလှုပ်ရှားမှု

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖယ်ရှားပေးဖို့ စာတမ်းပါ စတစ်ကာတွေကို မန္တလေးမြို့က လူစည်ကား ရာ နေရာအချို့မှာ Freedom Fighters အဖွဲ့က မနေ့က လိုက်လံကပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြောနေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒီစတစ်ကာ ၃၀၀ ကျော်ကပ်ပြီး အများသိအောင် ဝိုင်းဝန်းပါဝင်တာဖြစ်တယ်လို့ Freedom Fighters အဖွဲ့က ကိုသဲနှစ်အောင် က ပြောပါတယ်။

အချို့နေရာတွေမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက စတစ်ကာတွေကို နေ့ချင်းပြီး လိုက်လံ ဖယ်ရှားခဲ့ကြပါတယ်။

အခုလိုလှုပ်ရှားမှုတွေကို မန္တလေးအပြင် မုံရွာ မြို့မှာလည်း ပြုလုပ်ခဲ့ပြီး အခြားမြို့တွေမှာလည်း ဆက်လက်လှုပ်ရှားသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။