စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစား ရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း တင်ပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ ဒီတစ်ပတ်အစီအစဉ်မှာတော့ အမှတ်(၂) ဒုံးစစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ အမှတ် ၆၁၄ ဒုံးတပ်ရင်းကနေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ ပါဝင်ခဲ့လို့ မိသားစုရဲ့ ပစ်ပယ်ခြင်းခံရပြီး အညာဒေသမှာ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ တပ်ကြပ်ကြီး ထူးမြတ် နဲ့ စကားပြောထားပါတယ်။
ကိုထူးမြတ်ဟာ စစ်သားမျိုးရိုးက ဆင်းသက်လာသူဖြစ်ပေမဲ့ အာဏာသိမ်းပြီးနောက် အရပ်သားတွေ အပေါ် စစ်တပ်ရဲ့ပစ်ခတ် သတ်ဖြတ်မှုတွေကို လက်မခံနိုင်တဲ့အတွက် စစ်တပ်ကို စွန့်ခွာလာတာလို့ ပြောပါတယ်။
စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် အစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
