၈၈ အဖွဲ့က မမီးမီးကို ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်း
2016.03.09

တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို အယုံအကြည်မရှိတာကြောင့် တရားရုံးရဲ့ စစ်ဆေးမေးမြန်းမှုတွေကို မဖြေဆိုခဲ့ဘဲ အာမခံလည်း မယူတာကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကို ဒီနေ့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း အနေနဲ့ ပုဒ်မ ၁၈ ကို လက်မခံတာကြောင့် အာမခံ မယူဘူးလို့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး ရုံးချိန်မှာ မမီးမီးက ပြောပါတယ်။
"ပုဒ်မ ၁၈ရဲ့နောက်ဆက်တွဲပါ ပြစ်ဒဏ်ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုကို ဂုဏ်သိက္ခာရလည်းညှိုးနွမ်းစေ ပါတယ်၊ နောက်တစ်ခုက ပြည်သူတွေရဲ့ဆန္ဒကိုလည်း ဆန့်ကျင်ရာ ကျတယ်၊ ပြည်သူတွေကိုလည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ် တဲ့ နောက်ဆက်တွဲပြစ်မှု၊ ပြစ်ဒဏ် ပုဒ်မတစ်ခုဖြစ် တယ်၊ အဲ့ဒါကြောင့် ကျမကို ပုဒ်မ ၁၈နဲ့ တရားစွဲဆိုတဲ့အခါမှာ ဘယ်လိုမှပူးပေါင်းပါဝင်ဆောင်ရွက်မှာ မဟုတ်ပါဘူး၊ ကျမအာမခံလည်းယူမှာ မဟုတ်သလို ဒဏ်ငွေလည်းဆောင်မှာမဟုတ်ပါဘူး၊ တရားစွဲတဲ့ကိစ္စ နဲ့ ပတ်သက်ပြီးတော့လည်း တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး"
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေနဲ့ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ အမျိုးသားပညာရေးဥပဒေကို ၄ ရက်ကြာ သပိတ်မှောက်ခဲ့ရာ မမီးမီးတို့က ဆန္ဒပြ ကျောင်း သားတွေကို ရေသန့်ဘူးနဲ့ အစားအသောက်တွေ ဝေငှခဲ့ တာကြောင့် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။
ချီတက်လမ်းလျှောက်ရာမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက မမီးမီးအပါအဝင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ ဗကသ ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကိုတို့ကိုလည်း ဒီကနေ့ ရုံးထုတ် စစ်ဆေးရာမှာ တရားသူကြီး ရဲ့ မေးမြန်းချက်တွေကို မဖြေဆိုဘဲ ငြင်းဆန်ခဲ့ကြပါတယ်။
မမီးမီးရဲ့ခင်ပွန်းဖြစ်သူ ဦးလှမိုးကို မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။