၈၈ မျိုးဆက် မနီလာသိန်း အမှုရင်ဆိုင်ရ

2016-02-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၈၈ မျိုးဆက် ခေါင်းဆောင် မနီလာသိန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘုရင့်နောင်ရဲစခန်းက စခန်းမှူးနဲ့ အတူတွေ့ရစဉ်
၈၈ မျိုးဆက် ခေါင်းဆောင် မနီလာသိန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘုရင့်နောင်ရဲစခန်းက စခန်းမှူးနဲ့ အတူတွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မနီလာသိန်းကို လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားရင်ဆိုင်ဖို့  ဘုရင့်နောင်ရဲစခန်းက စခန်းမှူးက  ဒီကနေ့ နေ့လည်က လူကိုယ်တိုင်တွေ့ဆုံပြီး အကြောင်းကြားပါတယ်။

ဘုရင့်နောင် ရဲစခန်းက တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၈ တရားမ၀င်စီတန်းလှည့်လည်မှုနဲ့ ပတ်သက်ပြီး အမှုနဲ့ပတ်သက်ပြီး  အာမခံလျောက်ထားတာတွေ၊ ဒဏ်ငွေဆောင်တာ တွေ မလုပ်ဘူးလို့ မနီလာသိန်းက ပြောပါတယ်။

"ကျမကို ၂၄ ရက်နေ့ နေ့ခင်း ၁၂ နာရီမှာ သူတို့တာဝန်ရှိတဲ့ ရဲမေနဲ့ အရာရှိတစ်ဦးက လာရောက်ခေါ်ဆောင်မယ်လို့ ပြောပါတယ်၊ ကျမကလည်းပြောပါတယ်၊ အဲ့လို လာရောက်ခေါ်ဆောင်တဲ့အခါမှာ ကျမကိုဖမ်းဆီးတဲ့ပုံစံမျိုးဖြစ်ပါစေ၊ ကျမတစ်ခါတည်း လိုက်ခဲ့မယ်၊ ကျမက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အာမခံယူခြင်း၊ ခံဝန်ထိုးခြင်း၊ မိမိသော်လည်းကောင်း၊ အခြားတစ်ဦးသော်လည်းကောင်း၊ ဒဏ်ငွေဆောင်ခြင်းကို လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျမ တစ်ခါတည်း ပြောဆိုခဲ့ပါတယ်"

nilarthein-620-b.jpg

မနီလာသိန်းကို တရားစွဲတဲ့အမှုဟာ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလက လက်ပံတန်း ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့တာကြောင့်လို့ မနီလာသိန်း က ပြောပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့သူတွေထဲက လင်းထက်နိုင် ( ခေါ် ) ဂျိမ်းနဲ့ မဖြိုးဖြိုးအောင် တို့ကိုလည်း မရမ်းကုန်းမြို့နယ် မှာ တရားရင်ဆိုင်ဖို့ ရှိပါတယ်။

မဖြိုးဖြိုးအောင်ဟာ လက်ပံတန်းကျောင်းသားသပိတ်ကာလအတွင်းက ရန်ကုန် မှာလည်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တာကြောင့် လက်ပံတန်းကျောင်းသားသပိတ် အမှုအပြင် ရန်ကုန်မှာလည်း တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကွန်မင့်များ (5)
Share

အ​ဖြေမဟုတ်​ပါ

ထောင်​ထဲဝင်​တာအ​ဖြေမဟုတ်​ပါဖူး တရားရင်​ဆိုင်​ပီး မှန်​ရင်​မှန်​သလို မှားရင်းမှားသလိုဥပ​ဒေအရ ​ဖြေရှင်းရမှာပါ တကယ်​သာဒီမိုက​ရေစီအ​ရေး​အော်​​နေပီး လို​က်​နာရင်​ တိုင်​ပြည်​တည်​​ဆောက်​​ရေးအတွက်​အပြင်​မှာလုပ်​စရာ​တွေအများကြီးရှိပါ​သေးတယ်

Feb 24, 2016 07:50 PM

သက်​​အောင်

တလွဲဆံပင်​​ကောင်း​နေပါလား၊ခုချိန်​က နိုင်​ငံ​ရေးဟီရိုး လုပ်​ရ မဲ့အချိန်​မဟုတ်​ပါဖူး ၊ဥပ​ဒေကိုဘယ်​​လောက်​​လေးစားလဲ လိုက်​နာလဲ ဥပ​ဒေအတွင်းက ကိုယ်​ဖြစ်​ခြင်​တာလုပ်​ခြင်​တာ ကို ပညာတတ်​ဆန်​၂ လုပ်​ရမဲ့အချိန်​ပါ။အော်​ရမဲ့အချိန်​မဟုတ်​​တော့ပါ၊တည်​​ဆောက်​​ရေးမှာ တကယ်​အလုပ်​လုပ်​ရမှာပါ၊

Feb 24, 2016 09:22 AM

သေခြာလေ့လာပါ

နိုင်ငံကြီးတွေမှာလည်းဆန္ဒထုတ်ဖော်ခြင်ရင် ခွင့်ပြုချက်တောင်းရပါတယ်။အကြောင်းအရာ
ပါဝင်မယ့်လူအရေအတွက်ကိုမူတည်ပီးလုံခြုံ
ရေးချရပါတယ်။အခုဖြစ်စဉ်ကဒီအတိုင်းပါပဲ။
လုပ်နည်းမမှန်လို့ အရေးယူခံရတာပါ။ဥပဒေမဲ့ငါလုပ်ခြင်တာလုပ်မယ်ငါ့လွတ်လပ်
ခွင့်ပဲဆိုတာ မင်းမဲ့ဝါဒAnarchisပါ။Democratic Practices.ဆိုတာသတ်မှတ်
ထားတဲ့ဥပဒေဘောင်အတွင်းကရပိုင်ခွင့်ကို
တောင်းဆိုခြင်း ယင်းအတွက်ဥပဒေနဲ့ အညီ
တာဝန်ခံခြင်းပါ။အမည်မဖော်လိုသူသေခြာ လေ့လာပါ စာဖတ်ပါ Anarchism ကို Democracy နဲ့ ရာပါနဲ့ 

Feb 24, 2016 06:15 AM

အမည်မဖော်လိုသူ

ပြည်သူ ကို စံပြဖြစ်စေချင်ရင် အစိုးရ ကလည်း ပထမ ဥပဒေ နဲ့ အညီ ဖြစ်ဖို့ စံပြ ဖစ်ရမယ်။ ဒီ ပုဒ်မ က ည်ြသူ ကို ကူညီ ဘို့  ဥပဒေ မဟုတ်ဘူး အာဏာရှင် ကာကွယ်တဲ့  စိတ်ကြိုက်ဆွဲထားတဲ့ ဥပဒေ။

Feb 23, 2016 08:00 PM

စံပြဖြစ်​ပါ​စေ

မနီလာသိန်းအ​နေနဲ့ ဥပ​ဒေကို​လေးစားလိုက်​နာမယ်​လို့  ယုံကြည်​ပါတယ်​။ဘာလို့ လဲဆိုရင်​ ဒီမိုက​ရေစီစံနစ်​မှာ လူတိုင်းသည်​ တရားဥပ​ဒေကသတ်​မှတ်​ပြဌာန်းထားတဲ့ အတိုင်း မိမိလိုအင်​ကိုထုတ်​​ဖော်​နိုင်​သလို ​ဖောက်​ဖျက်​ပါကလည်း ဥပ​ဒေနဲ့ အညီ အပြစ်​ခံယူရပါတယ်​။ဒါ​ကြောင့်​ စံပြဖြစ်​မယ်​ယုံကြည်​ပါတယ်​။

Feb 22, 2016 03:34 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့