မိမိနေထိုင်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ ကိုမင်းကိုနိုင် ပြောကြား

ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ လူထုတွေ့ဆုံပွဲ မိထ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာခမ်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-10-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က မိထ္ထီလာမြို့ လူထုတွေ့ဆုံပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောဆိုဆွေးနွေးနေစဉ်။
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က မိထ္ထီလာမြို့ လူထုတွေ့ဆုံပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောဆိုဆွေးနွေးနေစဉ်။
RFA

ဒီပွဲမှာ  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က -

" ကျွန်တော်တို့ ၈၈ ကျောင်းသားတွေ အနေနဲ့တော့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံတာမျိုးကို လုံး၀ လက်မခံပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ထဲကို ဘိုးစဉ်ဘောင်ဆက်ထဲက အခြေချ နေထိုင်ပြီးတော့
ဟော့ဒီမြေ ဟော့ဒီရေဟာ ငါတို့ပြည် ငါတို့မြေ။ ငါတို့ဟာ အခွင့်အရေးကြီး ပဲ တောင်းဆိုနေမှာ မဟုတ်ဘူး။ အရေးကြုံရင် ဒီမြေ ဒီရေ အပေါ်မှာ သစ္စာစောင့်သိပါမယ် ဆိုတဲ့ အသိတရားလည်း ရှိဖို့လိုပါတယ်။ "

- လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

၅ ရက်ကြာမြင့်မယ့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ဘုရားငါးဆူနဲ့ ယင်းမာပင်မြို့တွေကို သွားရောက်မှာဖြစ်ပြီး မြို့ခံလူထုတွေနဲ့
တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

Aungsanchit

We will always trust you.I should say that "While 88 generation is helping innocent myanmar people,the governor have a nice time.They are thinking for themselves how to get benefit.They are working neither for country nor people.They have never solved the problems.They have ever made problem.88 generation is not their servant.The governor is the one who must take the responsibility for people.They are rubbish for the country.

Oct 03, 2012 03:37 PM

mixed blood

what about discrimination between ethnic of burma and mixed blood ,non ethnic citizens?

Oct 03, 2012 02:58 AM

အမည်မဖော်လိုသူ

သစ္စာရှိတဲ့အကြောင်းပြောပြီး မင်းကိုနိုင်ကြည့်ရတာ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေကို စောင်းပြောတဲ့ပုံပဲ....တကယ်တော့ မြန်မာနိုင်ငံကြီးအဆက်ဆက် ဖျက်စီးသွားတာဟာ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေမဟုတ်ပဲ ဗမာလူများစုသာဖြစ်တယ်ဆိုတာကိုတော့ မမေ့ဖို့လိုတယ်

Oct 02, 2012 08:36 PM

အောင်တင်

နေရပ်- ကေနဒါ

ကိုမင်းကိုနိုင် ပြောတာ မှန်ပါတယ်။ နိုင်ငံသားတိုင်းဟာ မိမိနေထိုင်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့လိုပါတယ်။ သစ္စာဖေါက်ဖျက်သူ၊ သစ္စာကို မစောင့်သိသူဆိုသူတွေဟာ သစ္စာခံထားတဲ့ နိုင်ငံသားတွေမှသာ ဖြစ်ပေါ်လာတတ်တာပါ။ နိုင်ငံခြားသားဆိုတာက သစ္စာခံထားသူ မဟုတ်လို့ သစ္စာဖေါက်လို့ ခေါ်ရန် မူလကပင် အကြောင်းမပေါ်ပါ။

Oct 02, 2012 04:36 PM

ဆိုက်တခုလုံးသို့