ရခိုင်ပြည်နယ်မှာ ကြက်ခြေနီလုပ်ငန်းတချို့ ရပ်နားထားရ

2019-02-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ICRC အဖွဲ့ အမှတ်အသား
ICRC အဖွဲ့ အမှတ်အသား
Photo: International Committee of the Red Cross Myanmar

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရသူ ငါးထောင်ကျော်ကို အရေးပေါ် အကူအညီတွေပေးနေပေမယ့်၊ မြို့နယ်ငါးမြို့နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကြက်ခြေနီလုပ်ငန်းတချို့ကို ရပ်နားထားရတယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့တွေကို ပြည်နယ်အစိုးရက ခရီးသွားလာခွင့်နဲ့ လုပ်ငန်းဆောင်ရွက်ခွင့် ကန့်သတ်လိုက်တာပါ။

အဲဒီအထဲမှာ ICRC နဲ့ WFP စားနပ်ရိက္ခာအစီအစဉ် မပါပေမယ့်၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့  စိုက်ပျိုးရေးအထောက်အပံ့ လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ICRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICRC သတင်းတာဝန်ခံကို ဆက်သွယ်မေးမြန်းချက်အရ…  အဖွဲ့ရဲ့ ပုံမှန် လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ခွင့်ရဖို့ အစိုးရ တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့