AAPP အဖွဲ့ကို နယ်သာလန် လူ့အခွင့်အရေးဆုချီးမြှင့်

နယ်သာလန်နိုင်ငံအခြေစိုက် Geuzen ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ဒီနှစ်အတွက် လူ့အခွင့်အရေးဆုကို ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ချီးမြှင့်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရသူတွေရဲ့ စာရင်းဇယားတွေကို AAPP အဖွဲ့က နာမည်စာရင်းအတိအကျ ကောက်ယူထားနိုင်ပြီး၊ ကမ္ဘာကသိအောင် ချပြနေတာကြောင့် ဒီဆုကို ချီးမြှင့်လိုက်တာလို့ ဆိုပါတယ်။

Screenshot 2023-03-14 at 11-34-44 Assistance Association for Political Prisoners (AAPP) krijgt Geuzenpenning 2023 - Stichting Geuzenpenning.png



AAPP အဖွဲ့ဟာ စစ်အာဏာမသိမ်းခင်က ရန်ကုန်မှာ အခြေစိုက်နေရာကနေ စစ်အာဏာသိမ်းပြီးချိန်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြောင်းရွှေ့အခြေစိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတယ်လို့လည်း Geuzen ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နယ်သာလန်နိုင်ငံ Grote Kerk မြို့မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ဆုချီးမြှင့်ပွဲကို AAPP အဖွဲ့ကိုယ်စား နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းက တက်ရောက် လက်ခံယူခဲ့ပါတယ်။

Geuzen ဖောင်ဒေးရှင်းဟာ ဒီမိုကရေစီရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။