မင်းသမီး မစ်ရှယ်လ်ယို ကို အစိုးရက နာမည်ပျက် စာရင်း သွင်းထားတာကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်တာ ဖြစ်တယ်လို့ အမည် မဖေါ်လိုတဲ့ မြန်မာ အရာရှိတဦးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ နိုင်ငံခြား သတင်းတွေက ရေးသားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ပြောခွင့်ရ ဦးဉာဏ်ဝင်းကို မေးကြည့်တဲ့ ဒီဖြစ်ရပ်ဟာ စိတ်မကောင်းစရာ ဖြစ်တယ်လို့ ပြောပါတယ်။ "ဒီဗီဇာကိစ္စနဲ့ ပတ်သက်ပြီးတော့ အလွန် အထိမခံ ဆိုတာမျိုး ဖြစ်နေတာပေါ့။ သူက အနုပညာသမားဘဲ။ အနုပညာသမား အတိုင်းဘဲ ရှိမှာပေါ့။ ဒါကိုတောင်မှ ဒီမိသားစုနဲ့ ရင်းနှီးတယ်ဆိုတာကို လက်မခံတဲ့ သဘော၊ အဲဒီလိုဟာကတော့ သိပ်မကောင်းဘူးလို့တော့ ထင်ပါတယ်။" မင်းသမီးမစ်ရှယ်လ်ယို ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ရှင် ရိုက်ကူးရေး အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာလက မြန်မာနိုင်ငံကို တကြိမ် ရောက်ရှိလာတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မစ်ရှယ်လ်ယို ဟာ James Bond ရုပ်ရှင် Tomorrow never dies နဲ့ ကမ္ဘာကျော်ခဲ့တာ ဖြစ်ပြီး Crouching Tiger, Hidden Dragon ရုပ်ရှင်နဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီး အဖြစ် အော်စကာဆု အတွက် လျာထား ခံရသူ ဖြစ်ပါတယ်။