ကချင်ပြည်နယ်အတွင်း ခိုးဝင်သူ တရုတ်နိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရ


2013.12.20
tanai-map-305.jpg ကချင်ပြည်နယ်၊ တနိုင်းမြေပုံ
photo: Google Map

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ပြီး ဒီနေ့ မြစ်ကြီးနားမြို့ ပြည်နယ်လဝကရုံးက တရားစွဲလိုက်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား ၁၈ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က စီးပွားရေးဗီဇာနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ ကနေ မြန်မာနိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပြီး အဲ့ဒီကတဆင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဝင်ရောက်လာချိန်မှာ အခုလို ဖမ်းဆီးလိုက်တာလို့ အမည်မဖော် လိုတဲ့ ပြည်နယ်အရာရှိတစ်ဦးက RFAကိုပြောပါတယ်။

အဲဒီ တရုတ်နိုင်ငံသားတွေဟာ တနိုင်းမြို့နယ်ထဲက ပယင်းမှော်၊ ရွှေမှော်တွေမှာ လုပ်ငန်းလုပ်ကိုင်ဖို့ ရောက်လာသူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်မှာ နယ်စပ်ဖြတ်ကျော်လာပြီး ဗီဇာနဲ့ဝင်ရောက်သူတွေကို မြို့ပေါ်မှာသွားလာခွင့်ပြုပြီး မြို့ပြင်ထွက်ရင် ခွင့်ပြုချက်တောင်းခံရမယ့် မြို့နယ်နဲ့ မြို့နယ်ခွဲ ၉ ခုရှိပြီး ဖားကန့်၊ တနိုင်း၊ ချီဖွေ စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်နဲ့မြို့နယ်ခွဲ ၁၂ ခုကိုတော့ ကန့်သတ်တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

၂၀၁၃ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာလကုန်အထိ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေအပါအဝင် တားမြစ်နယ်မြေတွေကို ကျူးကျော်ဝင်ရောက်သူ သူစုစုပေါင်း တစ်ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။