ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာ အစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

2011.10.28
dassk-aung-kyi-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဖြစ်ပါသည်။
AFP

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေက ရန်ကုန် အခြေစိုက် စာနယ်ဇင်းတွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်က အယ်ဒီတာတဦးက ပြောပါတယ်။

စာပေစိစစ်ရေးက တနင်္ဂနွေနေ့တနာရီလို့ အကြောင်းကြားထားတဲ့အကြောင်း၊ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက တရားဝင် မထုတ်ပြန်ပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနဲ့ NLD က ရွေးကောက်ပွဲဝင် မဝင် ပြောမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ဒီလို တွေ့ဆုံ ဆွေးနွေးမယ့် သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Eleven Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒီကနေ့မှာ ရေးသား ဖော်ပြထားပါတယ်။

တကယ်လို့သာ တွေ့ဆုံခဲ့ရင် တနင်္ဂနွေနေ့ တွေ့ဆုံမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးအောင်ကြည်တို့ရဲ့ စတုထ္ထအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့် ကတော့ ဒါဟာ တာဝန်ရှိသူတွေဖက်က သတင်းဂျာနယ်တွေကို အကြောင်းကြားတာ ဖြစ်ပြီး NLD အနေနဲ့ တရားဝင် မသိရှိရသေးဘူးလို့ RFA ကို ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-31 03:46

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ 
တွေ့ ဆုံဆွေးနွေးတာလည်း အခါပေါင်းမနည်း
တော့ဘူး ဆွေးနွေးပြီးသွာရင် တိုင်းရင်းသာဒေသ
တွေမှာ စစ်ဖြစ်ပါလေရော ..ဘာတွေကို ကျွန်တော်
တို့ ပြည်သူတွေအနေနှင့် ယုံကြည်ရမှာလဲး..?