ချောင်းဦးရွာသုံးရွာ စစ်တပ်စစ်ကြောင်းထိုး၊ နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ

ဒေသခံတွေရဲ့နေအိမ်တွေမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်ပြီးနောက် နေအိမ်တွေကို ဇွန်လ ၁၀ ရက်နေ့မှာ စတင်မီးရှို့ခဲ့ဟုဆို။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်းဦးမြို့နယ်အထဲက မှန်ချို၊ ငါးလုံးတင်နဲဆင်မြေကျေးရွာတွေကို ဇွန်လ ၉ ရက်နေ့ကနေ ၁၂ ရက်အထိ လေးရက်အကြာဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၂၃၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့နေအိမ်တွေမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်ပြီးနောက် နေအိမ်တွေကို ဇွန်လ ၁၀ ရက်နေ့မှာ စတင်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“မိုးကလည်းဆက်ရွာနေတော့ ပြန်လည်ထူထောင်ရေးအတွက်ပဲ ဦးစားပေးလုပ်နေရတာပေါ့။ ဘယ်လိုဘယ်ပုံ ပြန်ထူထောင်ရမလဲဆိုတာတော့ စဉ်းစားမရသေးဘူး။ ကောင်းနိုင်တာလေးတွေ ဆက်စပ်ပြီး ဒီတစ်မိုး ခိုလို့ရအောင် လုပ်ရမယ်။ ဖုန်းတို့ ဆိုင်ကယ်တို့ မီးစက်အကုန်သယ်သွားကြတာ”

စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ရှိတဲ့ ဆင်မြေရွာက နေအိမ် ၁၇၀၊ အိမ်ခြေ ၈၀၀ နီးပါးရှိတဲ့ ငါးလုံးတင်ရွာမှာ နေအိမ် ၃၃ လုံးနဲ့နေအိမ် ၇၀၀ ကျော်ရှိတဲ့ မှန်ချိုကျေးရွာက နေအိမ် ၂၈ လုံးတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ မိုးတွင်းကာလဖြစ်တာကြောင့် အရေးပေါ်တဲတွေ ဆောက်လုပ်နိုင်ဖို့အတွက် မိုးကာတွေနဲ့ အိမ်ထောင်ပရိဘောဂအားလုံးနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံတွေအတွက်လည်း စောင်နဲ့အဝတ်အထည်တချို့ လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီနေသူတွေက ပြောပါတယ်။

ဒ့ါအပြင် ချောင်းဦးနယ်ထဲမှာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းက ဆင်မြေ၊ ငါးလုံးတင်၊ မှန်ချို၊ နတ်ရေကန်၊ ကျောက်ဆစ်ကန်၊ ရွာတော်လေး၊ မထိသာ၊ ထူးနီ၊ မင်းခေါင်၊ မကျီးခွစတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံနှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်နေပြးနေ တာကြောင့် အရေးပေါ် စားနပ်ရိက္ခာတချို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။

“စစ်တပ်က စစ်မှုထမ်းအင်အားနဲ့ပဲ တန်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာ။ ၂၀၂၅ နှစ်ဆန်းပိုင်းတုန်းက တိုက်ခိုက်ရေးစစ်ထွက်အင်အားရဲ့ ၃၁ ရာခိုင်နှုန်းက ပြည်သူ့စစ်မှုထမ်းတပ်သားတွေ ဖြစ်ပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ ၈၅ ရာခိုင်နှုန်းအထိ ရောက်လာတယ်”

MDSI ရဲ့ သုံးသပ်ချက်အရ စစ်မှုထမ်းဥပဒေကို အသုံးပြုခြင်းက ပြည်သူအချင်းချင်း ထိပ်တိုက်ရင်ဆိုင်စေတဲ့ စစ်နည်းဗျူဟာတစ်ရပ်ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေသာ အကျိုးရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးအကဲခတ်သူတချို့ကတော့ စစ်မှုထမ်းကာလ နှစ်နှစ်ပြည့်ချိန်အထိ စုဆောင်းခံရသူတွေထဲက လူငယ် ၁၂ ရာခိုင်နှုန်းခန့်သာ အိမ်ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။