နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်

တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။
2012-06-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။
ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။
AFP

အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့်  ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့  ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကွန်မင့်များ (13)
Share

Mg myo Chit

နေရပ်- mandalay

U Ag san OO yOu should not Greedy.you having many possive.Do you come and Stay Myanmar?Your sister is Democracy Leader of my country.Would you like to help your young sister.You are disconnected with Myanmar for a long time.With good wishes.

Jun 26, 2012 07:44 AM

Than Shwe

နေရပ်- Yangon

Ha Ha.... not so bad..my son.

Jun 26, 2012 04:32 AM

dadida

နေရပ်- naypyitaw

AMAY can giv him all if her brother wishes, i think.But she may go to the final judgement coz she is VERY STRICT at such situatuion.

Jun 25, 2012 12:15 PM

K. Lee

This house sould be General Aung San's Museum after Daw Aung Su Kyi. Daw Su should make decision and announce to public to keep this as public own as museum after she died.

Jun 25, 2012 08:54 AM

Lovemyanmar

နေရပ်- Singapore

To
Aung san oo , u r sister do the democracy for our country . She alway rest in house on 14years . R u thinking ur sister ? I'm think u thinking ur wife only , r u men or leadyboy . U no think ur father history ,

Jun 25, 2012 07:34 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့