ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို

ရန်ကုန်ကနေ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိသွားတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းနဲ့ချီတဲ့ မန္တလေးတိုင်း လူထုက မိုးရွာနေတဲ့ ကြားထဲမှာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

2012.03.03
assk-mandalay-b305 ၂ဝ၁၂ မတ်လ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်စဉ်။
demowaiyen

လေယာဉ်ကွင်းကအထွက် လမ်းတလျှောက် ကြိုဆိုကြတဲ့ လူထုပရိသတ် များလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းဟာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ သိပ္ပံလမ်းထောင့် ကွင်းထဲကို ရောက်ဖို့ ၄ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ခရီးစဉ် ကြိုဆိုရေး တာဝန်ယူထားတဲ့ NLD အဖွဲ့ဝင် ဦးကိုလေးက ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် ကွင်းထဲမှာလည်း ကွင်းလုံးပြည့် ကြိုဆိုခဲ့ကြပြီး ဒီမြင်ကွင်းအတွက် ဝမ်းသာပီတိ ဖြစ်ရသလို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး ယုံကြည်မိပါတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

ဒါ့အပြင် ခရီးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟောပြောနေရင်း ပရိသတ်ကို တောင်းပန်ပြီး ခေတ္တ နားလိုက်ရပါတယ်။ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ဆက်လက် ဟောပြောခဲ့ရပြီး ခဏအကြာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဟောပြောနိုင်ခဲ့ပါတယ်။

ဟောပြောပွဲပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဗိုတယ် ဟော်တယ်မှာ အနားယူပြီး နောက်တနေ့ စစ်ကိုင်းဘက်ကို ခရီးဆက်သွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-03 18:13

အောင်မြင်မှာပါnld

Anonymous
2012-03-04 00:11

မြန်မာစကားပုံတခုရှိတယ်..ပတ္တြမားမှန်ရင်နွံမနစ်ဘူးတဲ့...အဲဒါ ဒေါ်အောင်ဆန်းစုကြည်...မန္တာလေးခရီးကသက်သေပြနေတာပါဘဲ...ဘယ်လို ပုတ်ခတ်၊ကဲ့ရဲ့၊ရှုပ်ချ၊နှောက်ယှက်နေလဲ..ဒေါ်စုတော့ပန်းပန်လျှက်ပါဘဲ...အရောင်မွဲမသွားပါဘူးလေ.....

Anonymous
2012-03-04 11:02

သန်းရွှေကိုလုပ်ကြံနိုင်မှဒီမိုကရေစီရမည်။