RFA အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA အဖွဲ့ဝင်တွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခွင့် ရခဲ့ပါတယ်။
2012-02-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံကို သွားရောက်သော အာရ်အက်ဖ်အေ အဖွဲ့ဝင်များဖြစ်သည့် RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင် တို့ကို ရန်ကုန်လေဆိပ်တွင် တွေ့ရပုံ။
မြန်မာနိုင်ငံကို သွားရောက်သော အာရ်အက်ဖ်အေ အဖွဲ့ဝင်များဖြစ်သည့် RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင် တို့ကို ရန်ကုန်လေဆိပ်တွင် တွေ့ရပုံ။
Photo courtesy of The Voice Weekly

RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင်တို့ပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက RFA ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အတူလက်တွဲ လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကိုရောက်နေတဲ့ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့