ပုဂံစေတီပုထိုးတွေ ပြုပြင်ဖို့ အလှူငွေ ငွေကျပ်သိန်းပေါင်း ၂သောင်းကျော် ရရှိ


2016.09.19
bagan-earthquake-620.jpg ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရားပုထိုးတော်တစ်ဆူကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

မန္တလေးတိုင်းဒေသကြီးက ရှေးဟောင်းပုဂံယဉ်ကျေးမှုနယ်မြေမှာ သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ စေတီတွေကို ပြန်လည်ပြုပြင်ဖို့ အလှူငွေ ကျပ်သိန်းပေါင်း ၂ သောင်းကျော် ရရှိထားပါတယ်။

သမ္မတ၊ ဒုသမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ လှူဒါန်းခဲ့တဲ့ အလှူငွေတွေနဲ့ ဘဏ်ကနေ တဆင့်လှူ ဒါန်းတာတွေ၊ အလှူခံစခန်းတွေကနေ ရရှိတဲ့ အလှူငွေတွေဖြစ်တယ်လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှုး ဦးစိုးတင့်က ပြောပါတယ်။

" နိုင်ငံတော်သမ္မတခရီးစဉ်ရှိတယ်။ ဒုတိယသမ္မတခရီးစဉ်ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်ခရီးစဉ်ရှိတယ်။ နောက် ပြီးတော့ အလှုခံဌာန ၄ နေရာက ရတဲ့ အလှူငွေတွေပေါ့။ အလှူခံဌာနက ကျနော်ရယ်၊ လွှတ်တော်ကိုယ်စားလှယ် ရယ်၊ ရှေးဟောင်းသုတေသနဌာနမှုးရယ် အဲ့သုံးယောက် နာမည်နဲ့ ဖွင့်ထားတာပေါ့။ အဲ့ဒီကမ္ဘောဇဘဏ် အကောင့်ကိုတော့ အွန်လိုင်းကတစ်ဆင့်လှူ တာလည်းရှိတာပေါ့နော့။ နောက်ပြီးရင် စူဠာမဏိ၊ အာနန္ဒာ အဲ့ဒီအလှူခံ ဌာနတွေမှာလည်း လာလှူ တာပေါ့။ အဲ့ဒါတွေပါတာပေါ့နော်။"

အခုချိန်မှာ ပျက်စီးသွားတဲ့ ပုဂံဘုရားစေတီတွေကို မှတ်တမ်းယူတာ၊ သန့်ရှင်းရေးလုပ်တာ၊ အရေးပေါ်လုပ်ငန်းအနေနဲ့ စေတီပုထိုးတွေကို မိုးရေ ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ပုဂံစေတီပုထိုးတွေ ပြုပြင်ဖို့အတွက် ကုန်ကျငွေတွေကိုလည်း မတွက်ချက်ရသေးဘူးလို့လည်း ဦးစိုးတင့် က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်က ပြင်းအားရစ်ခ်ချက်တာစကေး ၆ ဒဿမ ၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ပုဂံယဉ်ကျေးမှုဒေသက စူဠာမဏိ၊ မြစေတီ၊ ဓမ္မရံကြီး၊ လောကနန္ဒာ၊ ထီးလိုမင်းလိုအပါအဝင် စေတီပုထိုးတော် ၄၀၀ နီးပါး ပျက်ဆီးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။