ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရန်ပုံငွေ ရရှိရေး တေးသီချင်းခွေ ဖြန့်ချိ

2015-01-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အဖြစ် တေးသီချင်းခွေမိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ကျင်းပစဉ်
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အဖြစ် တေးသီချင်းခွေမိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ကျင်းပစဉ်
Photo- Kyaw Lwin Oo / RFA

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် House of Media Entertainment က စီစဉ်ဖြန့်ချိမယ့် တေးသီချင်းခွေမိတ်ဆက်ပွဲကို ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီမိတ်ဆက်ပွဲမှာ House of Media Entertainment က ဦးဇာဂနာက ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းခွေကနေ ရရှိလာမယ့် အကျိုးအမြတ်ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ရန်ပုံငွေအဖြစ် ထည့်သွင်းအသုံးပြုသွားမယ် လို့ ပြောပါတယ်။

"ဒီဗွီဒီအကျိုးအမြတ် ဘယ်လောက်ရမလဲလို့ ကျနော်တို့ မမျှော်မှန်းပါဘူး၊ ရမယ် မရဘူးဆိုတာလည်း မသေချာ ပါဘူး၊ ဘယ်လောက်အထိ ကုန်ထားတယ်ဆိုတာ ကျနော်တို့ ဘယ်လောက်အထိပြန်ရမယ် ကျနော်တို့ မတွက်ပါဘူး၊ တကယ်လို့ ကျနော်တို့ ပိုက်ဆံပြန်ရခဲ့ရင် လည်း ရတဲ့ပိုက်ဆံကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ဖို့ ကျနော်တို့ အဲ့ဒီအထဲကို ရန်ပုံငွေတွေထည့်လိုက်မှာပါ"

မိတ်ဆက်ပွဲကို ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့် တေးသီချင်းခွေ စီစဉ်ဖြန့်ချီတဲ့ ဦးဇာဂနာ၊ တေးရေးဆရာတွေ၊ အဆိုရှင်တွေ နဲ့ ဒါရိုက်တာတွေ တက်ရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ တေးသီချင်း ၁ ပုဒ်သာရှိတာကြောင့် ဗိုလ်ချုပ်တေးသီချင်းတွေ ပိုများလာအောင် အခုလိုစီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီသီချင်းခွေမှာ လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ ဆုရရှိခဲ့တဲ့သီချင်းတွေအပါအဝင် ဗိုလ်ချုပ်အောင်ဆန်း ကိုဂုဏ်ပြုတဲ့ ရောခ့်၊ ပေါ့စ်၊ ဟစ်ပ်ဟော့၊ မြန်မာသံစတဲ့ ဂီတမျိုးစုံနဲ့သီဆိုထားတဲ့ သီချင်း ၁ဝ ပုဒ်ပါဝင်ပြီး အဲဒီသီချင်းခွေကို ဒီလ ၁၈ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပါတယ်

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့